back

ဟဲဟိုးမြို့၊ အင်းခေါင်း ရွာတော်ကျေးရွာ၊ မိုင်းလင်းစေတီ ဘုရားပွဲတွင် လောင်းကစားဝိုင်းများ ထည့်သွင်းပြုလုပ်နေ

May 08 • 1:50 PM

breaking-news

မြန်မာ

ရှမ်း

cover

ဟဲဟိုးမြို့၊ အင်းခေါင်း ရွာတော်ကျေးရွာ၊ မိုင်းလင်းစေတီ ဘုရားပွဲတွင် လောင်းကစားဝိုင်းများ ထည့်သွင်းပြုလုပ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ အင်းခေါင်း ရွာတော်ကျေးရွာရှိ မိုင်းလင်းစေတီ ဘုရားပွဲတွင် လောင်းကစားဝိုင်းများ ထည့်သွင်းကျင်းပနေကြောင်း ဒေသခံ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ အင်းခေါင်း ရွာတော်ကျေးရွာရှိ မိုင်းလင်းစေတီ ဘုရားပွဲတွင် လောင်းကစားဝိုင်းများ ထည့်သွင်းကျင်းပနေကြောင်း ဒေသခံများထံက သိရသည်။နှစ်စဉ်ကျင်းပမြဲဖြစ်သော မိုင်းလင်းစေတီ ဘုရားပွဲကို မေလ ၈ ရက်မှ ၉ ရက်အထိ ၂ ရက်ကြာ ကျင်းပ ပြုလုပ်နေခြင်းဖြစ်ပြီး ပွဲတော်အတွင်း ဂုံးဂင်းဝိုင်း ၂၀၊ ဂျင်ဝိုင်း ၃ ဝိုင်း၊ ရှမ်းကိုးမီး ၇ ခုံ ပါဝင်ကာ ပွဲတော် ၂ ရက်စာအတွက် တစ်ခုံလျှင် ၈ သိန်းနှုန်းဖြင့် ပွဲကန်ထရိုက်ထံ ပေးသွင်းရကြောင်း သိရသည်။

အင်းခေါင်းဒေသတွင် ယင်းကဲ့သို့ လောင်းကစားဝိုင်းများကို ၂၀၂၁ ခုနှစ် နောက်ပိုင်းကတည်းက အမြဲမပြတ် ပြုလုပ်နေခြင်းဖြစ်ပြီး ယခုတွင် ဘုရားပွဲကိုအကြောင်းပြ၍ အကြီးအကျယ် ပြုလုပ်ခြင်းဖြစ်ကာ ဒိုင်အုပ် ဒေါ်ငယ် ဆိုသူမှ ဌာနဆိုင်ရာများကို ငွေပေး၍ ပြုလုပ်နေခြင်းဖြစ်သည်ဟု ၎င်းကိုယ်တိုင်က ဝန်ခံ ပြောဆိုထားသည်။ ငွေကြေး မည်မျှ ပေးရသည်ကိုမူ ပြောဆိုရန် ငြင်းပယ်ခဲ့သည်။ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ဒေသအချို့တွင် ပွဲလမ်းသဘင် အမျိုးမျိုးကို အကြောင်းပြ၍ လောင်းကစား ဝိုင်းများကို ထည့်သွင်းပြုလုပ်မှုများ ရှိနေကြောင်း သိရသည်။




news-view-count-icon

34