စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မြင့်မားလျက်ရှိပြီး ချောင်းဦးနှင့် ဒီပဲယင်း မြို့နယ်များတွင် အဆိုပါရောဂါကြောင့် ေ-သဆုံးမှုရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်ထံမှ သိရသည်။စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရွှေဘို၊ စစ်ကိုင်း၊ ကလေးနှင့်မုံရွာ မြို့နယ်များတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုအများဆုံး မြို့နယ်များဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိပြည်သူလူထုများနှင့် အနာဂတ်မျိုးဆက်သစ်ကလေးငယ်များ၏ ကျန်းမာရေးနှင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည့် သွေးလွန်တုပ်ကွေးရောဂါကို အရှိန်အဟုန်မြှင့် ကာကွယ်နှိမ်နှင်းနိုင်ရန်အတွက် မဟာဗျူဟာမြောက် အရေးကြီး အစည်းအဝေးကို မေလ (၇)ရက် ၊ မွန်းလွဲ (၁) နာရီကမုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။
May 08 • 9:10 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 31 | 0 | 0 | 0 |


