မြန်မာနိုင်ငံအနေဖြင့် ရေထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံပေါင်း ၄၂ နိုင်ငံသို့ တင်ပို့လျက်ရှိပြီး တင်ပို့မှုအတွင်း ရေငန်ထွက်ကုန် ၇၀ ရာခိုင်နှုန်းနှင့် ရေချိုထွက်ကုန် ၃၀ ရာခိုင်နှုန်း ပါဝင်နေကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက “ရေထွက်ကုန် ပြည်ပပို့ကုန် ၁၀၀ ရာခိုင်နှုန်းမှာ ရေငန်က ၇၀ ရာခိုင်နှုန်းနဲ့ ရေချိုက ၃၀ ရာခိုင်နှုန်း တင်ပို့နေပါတယ်။ လက်ရှိ နိုင်ငံပေါင်း ၄၂ နိုင်ငံကို တင်ပို့နေပါတယ်” ဟု ပြောကြားသည်။ ထို့ပြင် ပင်လယ်ပြင်အတွင်း ငါးသယံဇာတများ လျော့နည်းလာခြင်းနှင့် ထုတ်လုပ်စရိတ်မြင့်တက်လာခြင်းတို့ကြောင့် ယခုနှစ်အတွင်း ပင်လယ်ပြင်ဖမ်းဆီးရေးလုပ်ငန်းများ လျော့နည်းလာနိုင်ပြီး ရေငန်ထွက်ကုန် တင်ပို့မှု ကျဆင်းနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။ 
May 08 • 8:35 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 42 | 0 | 0 | 0 |


