back

ယူအေအီး Emirates Group က စံချိန်တင်အမြတ်ငွေများ ရရှိခဲ့ပြီးနောက် ဝန်ထမ်းများကို ၂၀ ပတ်စာ လစာအပိုဆုကြေး (Bonus) ပေးအပ်

May 08 • 7:52 AM

breaking-news

UAE

ပြည်တွင်းသတင်း

cover

ယူအေအီး Emirates Group က စံချိန်တင်အမြတ်ငွေများ ရရှိခဲ့ပြီးနောက် ဝန်ထမ်းများကို ၂၀ ပတ်စာ လစာအပိုဆုကြေး (Bonus) ပေးအပ်

ယူအေအီးနိုင်ငံအခြေစိုက် Emirates Group သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၆.၆ ဘီလီယံ (ဒီရဟမ် ၂၄.၄ ဘီလီယံ) ခန့်ဖြင့် စံချိန်တင်အမြတ်ငွေများ ရရှိခဲ့က...

ယူအေအီးနိုင်ငံအခြေစိုက် Emirates Group သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၆.၆ ဘီလီယံ (ဒီရဟမ် ၂၄.၄ ဘီလီယံ) ခန့်ဖြင့် စံချိန်တင်အမြတ်ငွေများ ရရှိခဲ့ကြောင်း ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက်နေ့တွင် ကြေညာခဲ့ပြီးနောက်၊ ၎င်းတို့၏ ဝန်ထမ်းပေါင်း ၁၃၀,၉၁၉ ဦးကို ရက်သတ္တပတ် ၂၀ စာ လစာအပိုဆုကြေး (20-week bonus) ပေးအပ်မည်ဖြစ်ကြောင်း သိရပါသည်။ စစ်ပွဲများနှင့် ဒေသတွင်းတင်းမာမှုများကြောင့် ခက်ခဲသော စိန်ခေါ်မှုများရှိခဲ့သော်လည်း ခရီးသွားလာမှု ဝယ်လိုအား အလွန်မြင့်မားခဲ့သဖြင့် ယခုကဲ့သို့ စံချိန်တင်အမြတ်ရရှိခဲ့ခြင်းဖြစ်ကာ၊ အဆိုပါ အပိုဆုကြေးကို ဝန်ထမ်းများ၏ မေလလစာနှင့်အတူ ထည့်သွင်းပေးချေသွားမည်ဖြစ်ကြောင်း Emirates အမှုဆောင်အရာရှိချုပ် Sheikh Ahmed bin Saeed Al Maktoum က ဝန်ထမ်းများထံ ပေးပို့သော အီးမေးလ်တွင် ဖော်ပြထားပါသည်။

news-view-count-icon

18