back

MRTV 4 သရုပ်ဆောင်တစ်ဦး ညဘက်အပြင်ထွက်ရာမှ ပြန်ရောက်မလာပဲပျောက်ဆုံးနေ

May 08 • 3:12 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

MRTV 4 သရုပ်ဆောင်တစ်ဦး ညဘက်အပြင်ထွက်ရာမှ ပြန်ရောက်မလာပဲပျောက်ဆုံးနေ

လှိုင်းလေကြားကပန်းရွှေကြာ ဇာတ်လမ်းတွဲမှာ ဟန်ထွန်းအဖြစ် သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်ကောင်းခန့်စိုးဟာ မနေ့က မေလ ၇ရက်နေ့ည ၇နာရီ ၄၅ မိနစ်ခန့်ကနေ စတင် ပျောက်ဆုံးနေတယ်...

လှိုင်းလေကြားကပန်းရွှေကြာ ဇာတ်လမ်းတွဲမှာ ဟန်ထွန်းအဖြစ် သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်ကောင်းခန့်စိုးဟာ မနေ့က မေလ ၇ရက်နေ့ည ၇နာရီ ၄၅ မိနစ်ခန့်ကနေ စတင် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။သရုပ်ဆောင် ကောင်းခန့်စိုးရဲ့မိခင်က " ကျွန်မ ၏ သားကြီး MRTV 4 မှ မောင်ကောင်းခန့်စိုးသည် ၇.၅.၂၆ ရက်နေ့ ည ၇း၄၅အချိန် မုန့်ဝယ်စားရင်းလမ်းလျှောက်ထွက်သွားရာ မှ အိမ်သို့ ပြန်မရောက်ဘဲ ဖုန်းဆက်ကြည့်သောအခါ ပထမ ၌ ဖုန်းဝင်သော်လည်း မကိုင်ပါ ည၁၀ နာရီ ၌ ဖုန်း ဆက်ကြည့်သောအခါ လုံးဝ ဆက်သွယ်၍ မရတော့ပါ ဘဲ ယခု အချိန်အထိ ဘာအဆက်အသွယ်မှမရတော့ပါသဖြင့် စိုးရိမ်ပူပန်နေရပါသည်. တွေရှိ့ပါက အကြောင်းကြားပေးပါရန် အနူးအညွတ် အကူညီတောင်းခံ မေတ္တာရပ်ခံပါသည်" လို့ ဆိုထားတာ ဖြစ်ပါတယ်။

news-view-count-icon

81