ပြည်ပသို့ အကြောင်းအမျိုးမျိုးဖြင့်ထွက်ခွာလာသူများကာ ပြည်ပထွက်သူအရေအတွက် ဆက်လက်များ ပြား နေခြင်းကြောင့် လုပ်သားအင်အားများစွာသုံးရသည့် ပြည်တွင်းလုပ်ငန်းအချို့တွင် အရွယ်မရောက်သေးသည့် ကလေးလုပ်သားအသုံးပြုမှု သိသိသာသာမြင့်တက်လာကြောင်း စားသောက်ကုန်ဝန်ဆောင်မှုလုပ်ငန်းရှင်များထံမှ သိရသည်။ ကလေးလုပ်သား အများအပြားကို စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်၊ ဆောက်လုပ်ရေး နှင့် အလုပ်ကြမ်းနေရာများတွင် အများအပြား တွေ့ရပြီး တချို့စက်ရုံ၊ အလုပ်ရုံများတွင် လုပ်သားရှားပါးမှုကြော င့် အသက်မပြည့် ကလေးလုပ်သားများကို ခေါ်ယူစေခိုင်းမှုများ ရှိလာကြောင်း သိရသည်။



