မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ စစ်တောင်းကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ စစ်တောင်းတံတားအဆင်းတွင် မေလ ၇ ရက်နေ့ ည ၇ နာရီ ၅၃ မိနစ်အချိန်ခန့်က ရန်ကုန်မှ မောင်းနှင်လာသော ရွှေဝယ်ရတနာ Express ခရီးသည်ယာဉ် တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့သည်။မီးလောင်ရာသို့ ကျိုက်ထိုမြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် ၁ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ ည ၈ နာရီ ၁၅ မိနစ်အချိန်ခန့်က မီးငြိမ်းသွားခဲ့သည်။မီးလောင်မှုကြောင့် ရွှေဝယ်ရတနာ Express ခရီးသည်ယာဉ်အနောက်ခန်း မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပြီး ခရီးသည်များ ထိခိုက်မှု မရှိကြောင်း သိရသည်။
May 08 • 2:39 AM
မြန်မာ
မွန်
မျှဝေမည်
| 31 | 0 | 0 | 0 |


