back

ထိုင်းနိုင်ငံ၊ချွန်ဘူရီတွင် တရားမဝင် တရုတ်နှင့် မြန်မာအလုပ်သမား ၁၅၀ ဦး ဖမ်းဆီးခံရ

May 08 • 2:38 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ချွန်ဘူရီတွင် တရားမဝင် တရုတ်နှင့် မြန်မာအလုပ်သမား ၁၅၀ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ဖနတ်နိခွန်းမြို့နယ်ရှိ ပရိဘောဂစက်ရုံတစ်ရုံကို ယမန်နေ့ နေ့လယ်ပိုင်းက တာဝန်ရှိသူများ ဝင်ရောက်စစ်ဆေးရာ တရားမဝင်အလုပ်လုပ်ကိုင်နေသည့်...


ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ဖနတ်နိခွန်းမြို့နယ်ရှိ ပရိဘောဂစက်ရုံတစ်ရုံကို ယမန်နေ့ နေ့လယ်ပိုင်းက တာဝန်ရှိသူများ ဝင်ရောက်စစ်ဆေးရာ တရားမဝင်အလုပ်လုပ်ကိုင်နေသည့် တရုတ်နှင့် မြန်မာအလုပ်သမား ၁၅၀ ခန့်ကို ဖမ်းဆီးရမိခဲ့သည်။ဒေသခံများ၏ တိုင်ကြားချက်အရ သွားရောက်စစ်ဆေးရာတွင် အဆိုပါအလုပ်သမားများသည် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) မရှိခြင်း၊ သတ်မှတ်ထားသော အလုပ်ရှင်နှင့်မဟုတ်ဘဲ အခြားနေရာတွင် လုပ်ကိုင်နေခြင်းတို့ကြောင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ထို့ပြင် အဆိုပါစက်ရုံမှာလည်း လုပ်ငန်းလည်ပတ်ခွင့်လိုင်စင်မရှိဘဲ တရားမဝင်ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဖမ်းဆီးရမိသူအားလုံးကို ဥပဒေအရ အရေးယူနိုင်ရန် ဖနတ်နိခွန်းရဲစခန်းသို့ ပို့ဆောင်ထားပါသည်။

news-view-count-icon

17