back

ရန်ကုန်၊မဟာဝိဇယရှိ ဗောဓိညောင်ပင်တစ်ပင်၌ ညောင်ရွက်များ အစိမ်းမှရွှေအိုရောင်သို့ပြောင်းလဲ

May 08 • 2:35 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်၊မဟာဝိဇယရှိ ဗောဓိညောင်ပင်တစ်ပင်၌ ညောင်ရွက်များ အစိမ်းမှရွှေအိုရောင်သို့ပြောင်းလဲ

ရန်ကုန်မြို့ရှိ မဟာဝိဇယစေတီတော်ဝင်းအတွင်း စိုက်ပျိုးထားတဲ့ ဗောဓိညောင်ပင်အမှတ် (၁) က ညောင်ရွက်တွေ အားလုံးဟာ အစိမ်းရောင်ကနေ ရွှေအိုရောင်ကို ထူးထူးခြားခြား ပြောင်း...

ရန်ကုန်မြို့ရှိ မဟာဝိဇယစေတီတော်ဝင်းအတွင်း စိုက်ပျိုးထားတဲ့ ဗောဓိညောင်ပင်အမှတ် (၁) က ညောင်ရွက်တွေ အားလုံးဟာ အစိမ်းရောင်ကနေ ရွှေအိုရောင်ကို ထူးထူးခြားခြား ပြောင်းလဲလာတယ်လို့ မဟာဝိဇယစေတီတော် ဂေါပကအဖွဲ့ကနေ သိရပါတယ်။မဟာဝိဇယစေတီတော်ဝင်းအတွင်းမှာရှိတဲ့ ဗောဓိညောင်ပင် အမှတ် (၁)၊ အမှတ် (၂) နဲ့ အမှတ် (၃) ကို ဧပြီလ ၃၀ ရက် ကဆုန်လပြည့် ညောင်ရေသွန်းပွဲတော်နေ့က မြို့နယ်သံဃနာယက ဆရာတော်အမှူးပြုတဲ့ သံဃာတော် ၅ ပါးနဲ့ နေကဇာတင်ပြီး ညောင်ရေသွန်းလောင်းခဲ့တယ်လို့ သိရပါတယ်။အဲဒီနောက် ညောင်ပင် ၃ ပင်ထဲက ဗောဓိညောင်ပင် အမှတ် (၁) ရဲ့ ညောင်ရွက်တွေဟာ မေလ ၅ ရက် မနက်ပိုင်း ကစပြီး အစိမ်းရောင်ကနေ ရွှေအိုရောင်ကို ထူးထူးခြားခြား ပြောင်းလဲလာတာကို တွေ့ရှိရတယ်လို့ မဟာဝိဇယစေ တီတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင် ဦးလှဖြိုးက ပြောပါတယ်။ နှစ်စဉ် ဗောဓိညောင်ပင်တွေကို ညောင်ရေသွန်းလောင်းပူဇော်လေ့ရှိပေမယ့် အရင်နှစ်တွေက အခုလို အရောင် ပြောင်းလဲတာမျိုးမဖြစ်ခဲ့ဘူးလို့လည်း ဆိုပါတယ်

news-view-count-icon

87