နေပြည်တော်မှာ ပြီးခဲ့တဲ့လက လေပြင်းတိုက်ခတ်ပြီး နေအိမ်တွေ ပျက်စီးဆုံးရှုံးသွားတဲ့ လေဘေးသင့်ဒေသခံတွေဟာ နေအိမ်အသစ် ပြန်မဆောက်နိုင်သေးတာကြောင့် လက်ရှိအချိန်အထိ ယာယီတဲထိုးပြီး နေနေရပါတယ်။ဧပြီလအတွင်း နေပြည်တော်က မြို့နယ်တွေမှာ မိုးသက်လေပြင်း တိုက်ခတ်မှုဒဏ်ကြောင့် လူနေအိမ်အလုံး ၃၀ ကျော် ပျက်စီးခဲ့တာပါ။လေဘေးဒဏ်သင့် အရပ်သားတွေကို အုပ်ချုပ်ရေးအဖွဲ့တွေက ပျက်စီးသွားတဲ့ အိမ်တွေအပေါ် မူတည်ပြီး ကျပ် ၃၀,၀၀၀ ကနေ ၆၀,၀၀၀ ထောက်ပံ့ပေးပြီး ဓာတ်ပုံရိုက်ယူသွားတယ်လို့ သိရပါတယ်။ဒါပေမဲ့ မိုးသက်လေပြင်း တိုက်ခတ်မှုဒဏ်ကြောင့် ပျက်စီးသွားတဲ့ လူနေအိမ်တွေဟာ ထောက်ပံ့ကြေးနဲ့ ပြင်ဆင်ရမဲ့ စရိတ်မကာမိတာကြောင့် အိမ်တွေပြန်ပြင်ဆင်ဖို့ အခက်ကြုံ နေရတာလို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
May 07 • 6:57 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 30 | 0 | 0 | 0 |


