မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလကုန်ပိုင်းကစပြီး စက်သုံးဆီတွေ စျေးတက်ပြီး ပြတ်လပ်မှုနဲ့ ကြုံခဲ့ရတာကြောင့် ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံရုံးရဲ့ ဒုတိယသံရုံး အကြီးအကဲမစ္စတာ၀င်းမ်ဗန်ဒွေါန်က ရုံးတက်ဖို့စက်ဘီးစီးနေတယ်လို့ အဲ့ဒီသံရုံးကထုတ်ပြန်ပါတယ်။ မစ္စတာ၀င်းမ် ဗန်ဒွေါန်က စက်သုံးဆီ ချွေတာဖို့အတွက် ရုံးသွားရင်တတ်နိုင်သလောက် စက်ဘီးစီးသွားဖို့ ဆုံးဖြတ်လိုက်တာလို့ပြောပါတယ်။
“ကျွန်တော် မြန်မာနိုင်ငံရောက်ကတည်းက စက်ဘီးစီးဖို့ စဉ်းစားခဲ့ပါတယ်။ နေပူတာရယ်၊ ဘေးကင်းပါ့မလားလို့ မေးခွန်းထုတ်မိတာရယ်၊ အစည်းအဝေးတွေသွားဖို့ ကုတ်အင်္ကျီ ဝတ်ဖို့ လိုတာတွေရယ်ကြောင့် စက်ဘီးမစီး ဖြစ်ခဲ့ဘူး။ ဒါပေမယ့် စက်သုံးဆီ အကျပ်အတည်းကြောင့် ဖြင်ပေါ်လာရတဲ့ အခက်အခဲတွေကို မြင်ရတဲ့အခါ ကျွန်တော်လည်း တစ်ခုခုတော့ လုပ်ပေးချင်ခဲ့မိတယ်”လို့သူကဆိုပါတယ်။“မြန်မာနိုင်ငံမှာတော့ စက်ဘီးစီး ရုံးတက်နိုင်ဖို့ တခြားနည်းတွေကို သုံးဖို့ လိုပြန်ပါတယ်။ ဒီမှာက စက်ဘီးနင်းသူတွေအတွက် သီးသန့် သတ်မှတ်ပေး ထားတဲ့ လမ်းမရှိတော့ ကားကြပ်တဲ့ လမ်းမကြီးတွေကို ရှောင်ဖို့ လမ်းသွယ်လေးတွေကို သုံးရတယ်။ အိမ်ကနေ စောစောထွက်ရတယ်။ အားကစား ဝတ်စုံဝတ်ရတယ်။ ရုံးမှာ ရေချိုးလို့ ရတော့ ကံကောင်းတယ်။ ရုံးကလူတွေ မရောက်ခင် ကျွန်တော် ရေမိုးချိုး၊ အဝတ်အစားလဲ ကုတ်အင်္ကျီ ဝတ်ပြီး အလုပ်လုပ်ဖို့ အဆင်သင့် ဖြစ်နေပြီ" လို့မစ္စတာ၀င်းမ်က ပြောပါတယ်။


