back

မြန်မာနိုင်ငံ၌ မိုးရာသီရောက်ချိန် လျှပ်စစ်မီးပိုပေးနိုင်အောင်ကြိုတင်ပြင်ဆင်နေပြီဖြစ်

May 07 • 2:38 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံ၌ မိုးရာသီရောက်ချိန် လျှပ်စစ်မီးပိုပေးနိုင်အောင်ကြိုတင်ပြင်ဆင်နေပြီဖြစ်

လက်ရှိမှာ ရေအားလျှပ်စစ်စက်ရုံအချို့နဲ့ မဟာဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရမှုကြောင့် အခုကဲ့သို့ အပူချိန်မြင့်မားတဲ့အချိန်နဲ့ ရေလှောင်တမံတွေမှာ ရေနည်းလာတဲ့အချိန်တ...

လက်ရှိမှာ ရေအားလျှပ်စစ်စက်ရုံအချို့နဲ့ မဟာဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရမှုကြောင့် အခုကဲ့သို့ အပူချိန်မြင့်မားတဲ့အချိန်နဲ့ ရေလှောင်တမံတွေမှာ ရေနည်းလာတဲ့အချိန်တို့မှာ သဘာဝဓာတ်ငွေ့ကို ပိုမိုအသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ် ပေးနေရတယ်လို့လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှသိရပါတယ်။မကြာမီ မိုးကျလာတော့မှာဖြစ်လို့ ကောင်းမွန်လျက်ရှိနေတဲ့ ရေအားလျှပ်စစ်စက်ရုံတွေကို စွမ်းအားပြည့်လည်ပတ်ပြီး ဓာတ်အားထုတ်ယူဖို့ရှိတယ်လို့ ဆိုပါတယ်။ရေအားလျှပ်စစ်ကို ပိုမိုအသုံးပြုနိုင်ခြင်းဖြင့် သဘာဝဓာတ်ငွေ့အသုံးပြုမှုကို လျှော့ချနိုင်ပါက သဘာဝဓာတ်ငွေ့ကို ဓာတ်မြေဩဇာစက်ရုံများ အပါအဝင် အခြားစက်ရုံများအတွက် အသုံးပြုနိုင်သည်ဖြစ်လို့ နိုင်ငံတော်ရဲ့ ကုန်ထုတ်လုပ်မှုတိုးတက်လာစေရေးကို အထောက်အကူပြု စေမှာဖြစ်တယ်လို့ သိရပါတယ်။

news-view-count-icon

52