back

တရုတ်နိုင်ငံ၏ အားလပ်ရက်ခရီးသွားလာမှု ဗီဇာကင်းလွတ်ဝင်ရောက်မှုများ မြင့်တက်လာသဖြင့် များပြားလာ

May 07 • 2:36 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံ၏ အားလပ်ရက်ခရီးသွားလာမှု ဗီဇာကင်းလွတ်ဝင်ရောက်မှုများ မြင့်တက်လာသဖြင့် များပြားလာ

တရုတ်နိုင်ငံတွင် မေ‌‌ဒေးအားလပ်ရက်ကာလအတွင်း နယ်စပ်ဖြတ်ကျော် ခရီးသွားလာမှုမှာ ခရီးစဉ်ပေါင်း ၁၁.၃ သန်း နီးပါးဖြင့် စံချိန်တင်မြင့်တက်လာခဲ့ပြီး ဗီဇာကင်းလွတ်ခွင့်ဖြင...

တရုတ်နိုင်ငံတွင် မေ‌‌ဒေးအားလပ်ရက်ကာလအတွင်း နယ်စပ်ဖြတ်ကျော် ခရီးသွားလာမှုမှာ ခရီးစဉ်ပေါင်း ၁၁.၃ သန်း နီးပါးဖြင့် စံချိန်တင်မြင့်တက်လာခဲ့ပြီး ဗီဇာကင်းလွတ်ခွင့်ဖြင့်ဝင်ရောက်လာသူများ အပါအဝင် နိုင်ငံတကာခရီးသွားဧည့်သည်များလည်း အနည်းငယ်မြင့်တက်လာခဲ့ကြောင်း သိရသည်။မေလ ၁ ရက်တွင် စတင်ခဲ့သည့် ငါးရက်ကြာ မေးဒေးအားလပ်ရက်ကာလအတွင်း တစ်ရက်လျှင် နယ်စပ်ဖြတ်ကျော်ခရီးသွားလာမှုမှာ ပျမ်းမျှအားဖြင့် ၂.၂၆ သန်းခန့် ရှိပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃.၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး မေ ၂ ရက်တွင် အမြင့်ဆုံးဖြစ်ခဲ့ကြောင်း အမျိုးသား လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက မေ ၆ ရက်၌ ပြောကြားခဲ့သည်။ ပြည်ပနိုင်ငံသားများက တရုတ်နိုင်ငံသို့ အဝင်အထွက်ခရီးစဉ်များအနေဖြင့် ထိုအားလပ်ရက်ကာလအတွင်း ၁.၂၆ သန်းထိ မြင့်တက်လာခဲ့ရာ ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၂.၅ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ တရုတ်နိုင်ငံသို့ ဝင်ရောက်လာသည့်ခရီးစဉ်များအနက် ၄၃၆,၀၀၀ မှာ ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်လာကြခြင်းဖြစ်ရာ ၁၄.၇ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။

news-view-count-icon

18