ကယားပြည်နယ်၊ ဒီးမော့ဆိုအနောက်ဘက်ခြမ်း၌ ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် စပါးစိုက်တောင်သူတွေအတွက် စိုက်ပျိုးရေးလုပ်ငန်းကုန်ကျစရိတ်တွေ သက်သာလာတယ်လို့ တောင်သူတစ်ဦးကပြောပါတယ်။ အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် ဆီဈေးတွေ ထိုးတက်ခဲ့တဲ့ ယခင်လတွေမှာတော့ တချို့တောင်သူတွေဟာ သယ်ယူပို့ဆောင်ရေးယာဉ်တွေကို အသုံးမပြုနိုင်ပဲ လယ်ထဲဆင်းဖို့ ခြေကျင်လမ်းလျောက်သွားနေခဲ့ရာကနေ အခုတော့ ယာဉ်တွေကို ပြန်လည်အသုံးလာနိုင်ကြပြီလို့ အဆိုပါတောင်သူတစ်ဦးက ဆက်ပြောပါတယ်။ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာ ဓါတ်ဆီ တစ်လီတာကို အများဆုံး ၁၈,၀၀၀ကျပ်အထိတက်ခဲ့ပြီး ယခုချိန်မှာတော့ တစ်လီတာကို ၈,၀၀၀ကျပ်ထိ ဈေးကျလာသလို ဒီဇယ်က တစ်လီတာကို အများဆုံး ၁၅,၀၀၀ ကျပ် ဝန်းကျင် စျေးတက်ခဲ့ပြီး အခုတော့ တစ်လီတာကို ၈,၀၀၀ ကနေ ၁၀,၀၀၀ ကျပ်ကြား စျေးရှိနေတယ်လို့ စက်သုံးဆီရောင်းချသူတွေဆီကနေသိရပါတယ်။
ကယားပြည်နယ်၊ဒီးမော့ဆို၌ စက်သုံးဆီဈေးကျလာတာ ကြောင့် စပါးစိုက်တောင်သူတွေ စိုက်ပျိုးရေးလုပ်ရာမှာ အနည်းငယ်အဆင် ပြေလာ
May 07 • 2:32 AM
မြန်မာ
ကယား
မျှဝေမည်
| 27 | 0 | 0 | 0 |


