back

ဇမ္ဗူသီရိမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသားတစ်ဦး သေဆုံး

May 06 • 12:49 PM

breaking-news

မြန်မာ

နေပြည်တော်

cover

ဇမ္ဗူသီရိမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသားတစ်ဦး သေဆုံး

မေလ ၃ ရက်နေ့ ည ၇ နာရီခွဲအချိန်တွင် ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညို လမ်း၊ ဇီဇဝါပန်းအဝိုင်းအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်...

မေလ ၃ ရက်နေ့ ည ၇ နာရီခွဲအချိန်တွင် ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညို လမ်း၊ ဇီဇဝါပန်းအဝိုင်းအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁) မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ယင်းသို့စစ်ဆေးရာ ပျဉ်းမနား-တောင်ညိုလမ်းအတိုင်း ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်နေ အောင်ဖြိုးကျော်(၄၀)နှစ်သည် NPW-36W/xxxxx KENBOStar ဆိုင်ကယ်အား ပျဉ်းမနားဘက်မှ စည်ပင်မီးပွိုင့်ဘက်သို့ မောင်းနှင် လာစဉ် တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိပြီး မျက်နှာချင်းဆိုင် သပြေကုန်းဘက်မှ ပျဉ်းမနားဘက်သို့ အောင်ဇမ္ဗူရပ်ကွက်နေ ဦးဝင်းနိုင်(၆၃)နှစ် မောင်းနှင်လာသည့် YGN-13 9C-xxxx TOYOTA HILUX SURF မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် အောင်ဖြိုးကျော်တွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သောကြောင့် အောင်ဖြိုးကျော်အား ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁)မြို့မရဲစခန်း ယာဉ်(ပ) ၆/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။



news-view-count-icon

37