back

တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပို့ခွင့်မှတ်ပုံတင် လျှောက်ထားရန် ကုမ္ပဏီအသစ်များအား EOI ဖိတ်ခေါ်

May 06 • 12:44 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပို့ခွင့်မှတ်ပုံတင် လျှောက်ထားရန် ကုမ္ပဏီအသစ်များအား EOI ဖိတ်ခေါ်

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့လိုသည့် ကုမ္ပဏီအသစ်များအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest – EOI) တင်ပြရန် ဖိတ်ခေါ်ထာ...

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့လိုသည့် ကုမ္ပဏီအသစ်များအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest – EOI) တင်ပြရန် ဖိတ်ခေါ်ထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့ခွင့်ကို မြန်မာနှင့် တရုတ်နိုင်ငံအကြား ချုပ်ဆိုထားသော အပင်ကျန်းမာရေးဆိုင်ရာ သဘောတူစာချုပ် (Sanitary and Phytosanitary – SPS Protocol) ပါ စည်းကမ်းချက်များနှင့်အညီ နှစ်စဉ် စိစစ်မှတ်ပုံတင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ လျှောက်ထားလိုသော ကုမ္ပဏီများအနေဖြင့် Hard Copy နှင့် Soft Copy (Word file) နှစ်မျိုးဖြင့် ၂၀၂၆ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ တင်ပြလျှောက်ထားရမည်ဖြစ်သည်။ လျှောက်လွှာများကို စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ (ရန်ကုန်မြို့) သို့မဟုတ် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရုံး (UMFCCI) တွင် တင်ပြနိုင်ပြီး သက်ဆိုင်ရာ ဝဘ်ဆိုဒ်များမှလည်း ဒေါင်းလုဒ်ရယူနိုင်ကြောင်း သိရသည်။ ထို့အပြင် အသေးစိတ်အချက်အလက်များအတွက် ဖုန်းနှင့် အီးမေးလ်မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ကြောင်းလည်း ကြေညာထားသည်။


news-view-count-icon

33