back

မွန်ပြည်နယ်၊ကျိုက်ထီးရိုး ဘုရားဖူးဧည့်သည်ဝင်ရောက်မှု ပြန်များလာ

May 06 • 8:32 AM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ်၊ကျိုက်ထီးရိုး ဘုရားဖူးဧည့်သည်ဝင်ရောက်မှု ပြန်များလာ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု ပြန်များလာပြီး ၂၀၂၅ - ၂၀၂၆ ဘုရားပွဲတော်ကာလတွင် ပြည်တွင်း ပြည်ပ ဘုရားဖ...

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု ပြန်များလာပြီး ၂၀၂၅ - ၂၀၂၆ ဘုရားပွဲတော်ကာလတွင် ပြည်တွင်း ပြည်ပ ဘုရားဖူးဧည့်သည် ၁ ဒသမ ၄ သန်းကျော် ဝင်ရောက်ခဲ့သည်ဟု ဘုရားဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။ ကျိုက်ထီးရိုးဘုရားပွဲတော်ကာလကို နှစ်စဉ် သီတင်းကျွတ်လပြည်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပပြုလုပ်လေ့ရှိသည်။လက်ရှိတွင် ကျိုက်ထီးရိုးဘုရားပွဲတော်ကာလ ပြီးဆုံးသွားသော်လည်း ဘုရားဖူးများ နေ့စဉ် လာရောက်လေ့ရှိကြောင်း ကျိုက်ထီးရိုးဘုရားရင်ပြင်တော်စခန်း ဒု-ရုံးအဖွဲ့မှူး ဦးဆန်းလင်း‌အောင်က ပြောသည်။ ကျိုက်ထီးရိုးဒေသသို့ ဘုရားဖူး ဝင်ရောက်လာသည့်အတွက် ကင်မွန်းစခန်း၊ ရင်ပြင်တော်စခန်းနှင့် မုဆိုးတောင်စခန်းများရှိ စားသောက်ဆိုင်လုပ်ငန်းများ၊ တည်းခိုရေးလုပ်ငန်းများနှင့် အထမ်းသမားများ အလုပ်အကိုင် အထိုက်အလျှောက် ပြန်လည် အဆင်ပြေလာကြကြောင်း ဆိုသည်။

news-view-count-icon

21