မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ သံလျှပ်မှော်တောင်ရပ်ကွက်၊ ကန်တော်ကြီးပတ်လမ်းတွင် မေလ ၅ ရက်နေ့၊ မွန်းလွဲ ၁ နာရီအချိန်ခန့်က သစ်ပင်လဲကျမှုတစ်ခုဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် လမ်းပိတ်ဆို့မှုမရှိစေရန်နှင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ချမ်းမြသာစည်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သံလျှပ်မှော်တောင်အရန်မီးသတ်စခန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ လိုအပ်သော ရှင်းလင်းရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ချမ်းမြသာစည်မြို့နယ် ကန်တော်ကြီးပတ်လမ်းတွင် သစ်ပင်လဲကျမှုဖြစ်ပွား၊ မီးသတ်တပ်ဖွဲ့ဝင်များ ရှင်းလင်းရေးဆောင်ရွက်
May 06 • 8:19 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 23 | 0 | 0 | 0 |


