လတ်တလောဖြစ်ပေါ်နေသော ကိစ္စရပ်များကြောင့် Miss Grand Myanmar ပွဲ၏ ကျန်ရှိနေသည့် ပြိုင်ပွဲအချို့ကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်သည်ဟု Miss Grand Myanmar က သတင်းထုတ်ပြန်သည်။အဆိုပါပြိုင်ပွဲတွင် ဆက်လက်ကျင်းပရန် ကျန်ရှိနေသည့် ပြိုင်ပွဲများမှာ Preliminary Competition နှင့် Grand Final တို့ဖြစ်ပြီး ယင်းပြိုင်ပွဲများကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။ယင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် တာချီလိတ်အလှမယ်၏ မယ်သီလရှင်ဝတ်စုံဖြင့် ယှဉ်ပြိုင်မှုအပေါ် လူအများက ဝေဖန်မှုများရှိလာပြီး သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။Miss Grand Myanmar ပြိုင်ပွဲတွင် သီလရှင်ဝတ်စုံ ဝတ်ဆင်ခဲ့သည့် အလှမယ် အပါအဝင် ပြိုင်ပွဲတာဝန်ရှိသူများကို စိစစ်ဖော်ထုတ်အရေးယူရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းထားကြောင်း သာသနာရေးဝန်ကြီးဌာနက မီဒီယာများကို ဖြေကြားထားသည်။
Miss Grand Myanmar ပွဲ၏ ကျန်ရှိနေသည့် ပြိုင်ပွဲအချို့ကို လတ်တလောဖြစ်ပေါ်နေသော ကိစ္စရပ်များကြောင့် အကန့်အသတ်မရှိ ရွှေ့ဆိုင်း
May 06 • 7:02 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 63 | 0 | 0 | 0 |


