တရုတ်နိုင်ငံ ရှင်ကျန်းဒေသက ကျောင်းအားကစားပြိုင်ပွဲဟာ ကပြဖျော်ဖြေနေတဲ့ စက်ရုပ်တစ်ရုပ် စက်ချို့ယွင်းမှုဖြစ်ပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရပါတယ်။ အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုအရ ကကွက်တွေနဲ့ ကိုယ်ခံပညာတွေကို ပြသနေတဲ့ အဲဒီစက်ရုပ်ဟာ ကျောင်းသားတွေ ကွင်းထဲဝင်လာပြီး အတူတူကတဲ့အချိန်မှာ ဟန်ချက်ပျက်ပြီး လဲကျသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ စက်ရုပ်ဟာ လူအုပ်ကြားထဲမှာ စနစ်တွေရှုပ်ထွေးသွားပြီး ကျောင်းသားတွေကို ကွန်ဖူးသိုင်းကွက်တွေနဲ့ လိုက်ကန်တဲ့အထိ ထိန်းမနိုင်သိမ်းမရ ဖြစ်ခဲ့တာပါ။အခြေအနေဟာ တော်တော်လေးကို ရှုပ်ထွေးသွားခဲ့ပြီး စက်ရုပ်ရဲ့ "တိုက်ခိုက်ရေးမုဒ်" ပွင့်သွားသလိုမျိုး မရပ်မနား လှုပ်ရှားနေတာကြောင့် အနားမှာရှိတဲ့ ကျောင်းသားတွေလည်း ကြောက်လန့်တကြားနဲ့ နောက်ဆုတ်ခဲ့ရပါတယ်။ ကြည့်ရှုနေတဲ့ ပရိသတ်တွေကလည်း ဒီဖျော်ဖြေပွဲ ဘယ်လိုအဆုံးသတ်မလဲဆိုတာကို စိုးရိမ်တကြီးနဲ့ စောင့်ကြည့်ခဲ့ကြရပါတယ်။ဒါပေမဲ့ စက်ရုပ်မောင်းနှင်တဲ့သူက ကွင်းထဲကို အမြန်ပြေးဝင်လာပြီး စက်ရုပ်ကို အချိန်မီ ထိန်းချုပ်နိုင်ခဲ့တာကြောင့် ဘယ်သူမှ ထိခိုက်ဒဏ်ရာရတာမျိုး မရှိခဲ့ပါဘူး။ ဒီဖြစ်ရပ်ဟာ ထိတ်လန့်စရာကောင်းခဲ့ပေမဲ့ နောက်ဆုံးမှာတော့ အားကစားပွဲရဲ့ ရယ်မောပျော်ရွှင်စရာ အမှတ်တရတစ်ခုအနေနဲ့ပဲ အဆုံးသတ်သွားခဲ့ပါတယ်။



