ရှမ်းပြည်နယ်တောင်ပိုင်းတွင် ယခုရက်ပိုင်းအတွင်းပြောင်းဆံအခြောက်ဈေးနှုန်း တစ်ပိဿာ (၁,၅၀၀)ကျပ်ခန့်ပေါက်ဈေးရှိနေပြီး တောင်သူများထံရောင်းရန် ပြောင်းဆံမရှိသလောက်ဖြစ်နေသည်။ ၂၀၂၆ခုနှစ် နှစ်ဆန်းပိုင်းကာလတွင် ပြောင်းဆံဈေးနှုန်းက အကျဘက်တွင်သာရှိနေသဖြင့် အချို့သောတောင်သူများက အရှုံးခံပြီး ရောင်းထွက်သူများလည်းရှိခဲ့ကြောင်း သိရသည်။ စိုက်ပျိုးရေးအတွက် လိုအပ်သည့် ပြောင်းမျိုးစေ့၊ ဓာတ်မြေသြဇာများသည်လည်း တစ်ရက်ပြီးတစ်ရက် ဈေးတက်လာသည့်အတွက် တောင်သူများသည် ၎င်းတို့ကို ဈေးအများကြီးမတက်ခင်ကြိုဝယ်ရန် ငွေလိုနေသည့်အတွက် ပြောင်းဆံများအား စောစီးစွာရောင်းကုန်ကြကြောင်း သိရသည်။ 
May 06 • 2:34 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 26 | 0 | 0 | 0 |


