back

ကချင်ပြည်နယ်၊ဖားကန့်-နန့်ယာ ကားလမ်းပိတ်ဆို့ထားခြင်းကြောင့် ကုန်ကားများနှင့် အိမ်စီးကားများ အခက်အခဲများဖြစ်ပေါ်နေ

May 06 • 1:39 AM

breaking-news

မြန်မာ

ကချင်

cover

ကချင်ပြည်နယ်၊ဖားကန့်-နန့်ယာ ကားလမ်းပိတ်ဆို့ထားခြင်းကြောင့် ကုန်ကားများနှင့် အိမ်စီးကားများ အခက်အခဲများဖြစ်ပေါ်နေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် နန့်ယာကားလမ်းမကြီး ပိတ်ထားသည်မှာ နှစ်ပတ်နီးပါးကြာခဲ့ပြီး ယနေ့အချိန်ထိ ဖွင့်လှစ်ခြင်းမရှိပဲ ကုန်ကားများနှင့် အိမ်စီးကားများ အခက်အခ...

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် နန့်ယာကားလမ်းမကြီး ပိတ်ထားသည်မှာ နှစ်ပတ်နီးပါးကြာခဲ့ပြီး ယနေ့အချိန်ထိ ဖွင့်လှစ်ခြင်းမရှိပဲ ကုန်ကားများနှင့် အိမ်စီးကားများ အခက်အခဲဖြစ်နေကြောင်း သိရသည်။ဖားကန့်-နန့်ယာ ကားလမ်းမကြီးကို ဧပြီ ၂၂ ရက်နေ့မှစ၍  ကားကြီး၊ ကားသေးများ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားပြီးနောက် ယနေ့အချိန်ထိ ပြန်လည်ဖွင့်လှစ်ခြင်းမရှိသေးသောကြောင့် ကုန်ကားများနှင့် အိမ်စီးကားများ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။ဖားကန့်-နန့်ယာ ကားလမ်းမကြီး ပိတ်ထားပြီးနောက် ကုန်စည်စီးဆင်းမှုမရှိခြင်းကြောင့် ကုန်စျေးနှုန်းများ မြင့် တက်လာခဲ့ရာ အခြေခံလူတန်းစားများမှာ အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။

news-view-count-icon

31