Miss Grand Myanmar Organization သည် Miss Grand Myanmar ပွဲစဉ်တွင် မယ်သီလရှင်ပုံစံဖြင့် ပါဝင်ယှဉ်ပြိုင်သူ တာချီလိတ်အလှမယ်အား ပြိုင်ပွဲမှ ထုတ်ပယ်လိုက်ကြောင်း ယနေ့ ၅ရက်နေ့၌ ထုတ်ပြန်ခဲ့သည်။ထုတ်ပြန်ချက်၌ Miss Grand Myanmar Organization အနေဖြင့် ယမန့်နေ့(မေ ၄ ရက်)က Miss Grand Myanmar Organizationက ကျင်းပခဲ့သော အမျိုးသားဝတ်စုံပြိုင်ပွဲကြီးကို တိုင်းရင်းသားလူမျိုးပေါင်းများစွာနှင့် ကိုးကွယ်ရာ ဘာသာတရားများအားလုံးကို လေးစားသော စိတ်ဖြင့်သာ ပြုလုပ်ခဲ့သည်ဟု ဖော်ပြသည်။ထို့အတူ Arrival Day သင်္ကြန် Theme ကတည်းက သက်ဆိုင်ရာ City Director များနှင့် အလှမယ်များ အား မြန်မာ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသော၊ ကိုးကွယ်ရာ ဘာသာတရားအား အကြည်အညိုမဲ့ စေသော ပြင်ဆင်မှုများ မပြုလုပ်လာရန် အသေးစိတ် မှာကြားခဲ့ကြောင်း သိရသည်။ 
သီလရှင်ပုံစံဖြင့် Miss Grand Myanmar ပွဲ လာရောက်ယှဉ်ပြိုင်သူ တာချီလိတ်အလှမယ် ပြိုင်ပွဲမှ ထုတ်ပယ်ခံရ
May 05 • 7:36 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 66 | 0 | 0 | 0 |


