မန္တလေးမြို့ပေါ် ရပ်ကွက်တွေက အမှိုက်ကန်တွေမှာ စည်ပင်က အရင်လိုနေ့စဉ် အမှိုက်မသိမ်းဆည်းတာကြောင့် အနံ့ဆိုးတွေ ထွက်နေတာကို ကြုံနေရတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။အထူးသဖြင့် ချမ်းအေးသာစံမြို့နယ်ထဲက အမှိုက်ကန်တွေမှာ ပုံမှန်အမှိုက်မသိမ်းတာကြောင့် အမှိုက်ကန် ပြည့်လျှံ နေပြီးအနံဆိုးတွေ ဆိုးဆိုးရွားရွား ထွက်လာနေတာလို့ မြို့ခံက ဆိုပါတယ်။မန္တလေးစည်ပင်ဟာ လစဉ် အမှိုက်ခွန်ကောက်ခံပေမယ့် ရပ်ကွက်တွေဆီ အမှိုက်ကား ပုံမှန်စေလွှတ်နိုင်တာမတွေ့ရ ဘူးလို့ ချမ်းအေးသာစံ မြို့ခံ အသက် ၄၀ အရွယ်အမျိုးသမီးတစ်ဦးကပြောပါတယ်။အဲဒီလို ပုံမှန်အမှိုက်မသိမ်းနိုင်တာကြောင့် မဟာအောင်မြေမြို့နယ်မှာလည်း အမှိုက်ကန်တွေ ပြည့်လျှံနေတာအလားတူ ကြုံနေရတယ်လို့ သိရပါတယ်။
May 05 • 4:08 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 44 | 0 | 0 | 0 |


