ရှမ်းပြည်နယ်၊လားရှိုး အောက်ပိုင်း လတ်တလော တရုတ် ကုန်ပစ္စည်း ဖမ်းဆီးမှု ပိုတင်းကျပ်လာလို့ ကားအသွားအလာ နည်းပါးတဲ့ အပြင် ကုန်ဂိတ်တွေပါ ရပ်နားထားရကြောင်း ဒေသခံတွေနဲ့ ကုန်တင်ယာဉ်မောင်း တွေဆီက သိရပါတယ်။ "မန္တလေးဘက် ဆင်းမယ့်ကားတွေ သီပေါ လှေဆိပ် ကမ်းမကူးခင် ကတည်းက တရုတ် ပစ္စည်းပါရင် မတင်ဘူး။ အထုပ်တွေမှာ တရုတ်မုန့်တွေ၊ ကော်ဖီတွေက အစ မယူခိုင်းဘူး" လို့ ခရီးသွား အမျိုးသမီး တယောက်က ပြောပါတယ်။ ကားသမားနဲ့ ကားစပယ်ယာတွေက တရုတ်မုန့်တွေ၊ တရုတ် ပစ္စည်းတွေ ပါမပါ အရင်မေးပြီး မပါတာသေချာမှ အထုပ် အပိုးတွေ တင်ပေးတယ်လို့ သူက ပြောပါတယ်။ မပါတာသေချာမှ အထုပ် အပိုးတွေ တင်ပေးတယ်လို့ သူက ပြောပါတယ်။ "လားရှိုးမှာ တရုတ်ပစ္စည်း တင်တဲ့ကားတွေ မတွေ့တာ နှစ်ရက်၊ သုံးရက်ရှိပြီ" လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ ခါတိုင်း လားရှိုးမှာ တရုတ်ပစ္စည်း တင်တဲ့ကားတွေ မနက် အစောပိုင်း မိုးမလင်းခင် တန်းစီပြီး ဝင်ရောက်ကြတာကို တွေ့ရတယ်လို့ သူက ပြောပါတယ်။ တရုတ်ကုန်တွေဖမ်းလို့ ကားဂိတ်တွေကလည်း ကုန်လက်ခံတာတွေ ခေတ္တရပ်ထားကြရတယ်လို့ သိရကြောင်း သူက ပြောပါတယ်။



