သင်္ကြန်အပြီးကာလ ယခုနောက်ပိုင်းတွင် နေပြည်တော်အိမ်ဝိုင်းခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်အပြင် အငှားဈေးကွက်များပါ အေးစက်နေကြောင်း အိမ်ဝိုင်းခြံမြေဝယ်ရောင်းအငှား ပွဲစားများထံမှ သိရသည်။လက်ရှိဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်သော အနေအထားတွင် ကျပ်သိန်းတစ်ထောင်ကျော်နှင့် ထောင်ဂဏန်းအောက် မြေကွက်များသာ အရောင်းအဝယ်ရှိပြီး တန်ဖိုးကြီးမြေကွက်များက အရောင်းရှိသော်လည်း အဝယ်မရှိဖြစ်နေကြောင်း၊ အိမ်အငှားဈေးကွက်ပိုင်းတွင်လည်း လူနေထိုင်ရန်အတွက်သာ အဓိကထား မေးမြန်းမှုများရှိနေပြီး စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန်နှင့် ဆိုင်ခန်းဖွင့်လှစ်ရန်အတွက် မေးမြန်းသူမရှိသလောက် နည်းပါးနေကြောင်း သိရသည်။လက်ရှိတွင် အိမ်ငှားရမ်းခများမှာ ယင်းဒေသအတွင်း အနိမ့်ဆုံးအဖြစ် တစ်လကျပ်နှစ်သိန်းအထက်တွင်ရှိနေပြီး စျေးကွက် အေးနေကြောင်းလည်း အိမ်ခြံမြေရောင်းဝယ်ငှား အကျိုးဆောင်ပေးသူများထံမှ သိရသည်။



