လာမည့် ဇွန် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ကျင်းပမည့် Thai Film Festival 2026 in Myanmar အကြိုအစီအစဉ်အဖြစ် မြန်မာနိုင်ငံနှင့် ဆက်နွယ်မှုရှိသော ထိုင်းရုပ်ရှင် (၃) ကားကို Junction City ရှိ J Cineplex ၌ မေ ၈ ရက်မှ ၁၀ ရက်အထိ ပြသသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံး၏ ဦးဆောင်မှုဖြင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI)၊ GDH 559 နှင့် J Cineplex တို့ ပူးပေါင်းစီစဉ်ခြင်း ဖြစ်သည်။ ပြသမည့် ဇာတ်ကားများမှာ GOHAN၊ The Red Envelope နှင့် Friend Zone တို့ ဖြစ်ကြသည်။



