ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်(၃၄၃/၅)၌ ယနေ့(မေ ၄ ရက်) နံနက် ၁၁ နာရီခွဲခန့်က ခရီးသည်တင်ကားအောက်ပိမိခဲ့သည့် ယာဉ်အကူ ဆေးရုံအရောက်တွင် ရရှိဒဏ်ရာဖြင့် သေဆုံးသွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။အဆိုပါခရီးသည်တင်ကားမှာ မန္တလေးမှနေပြည်တော်သို့မောင်းနှင်းလာစဉ် ကားအလယ်တန်းရှိအတွင်းဘီးပေါက်ခြင်းကြောင့် ယာဉ်အကူအမျိုးသားတစ်ဦးက ကားဘီးလဲလှယ်ခဲ့ကြောင်း၊ ထို့နောက်ကားဘီးအဟောင်းအား ကားခေါင်းခန်းအောက်ရှိ စပယ်ယာဘီးထားသည့်နေရာသို့သွားထားစဉ် လေအိတ်ပေါက် ပြီး ကားမှာနိမ့်ကျလာကာ စပယ်ယာဘီးနှင့်ကျောက်လမ်းကြားညပ်နေခဲ့ကြောင်း စကားအင်းရဲစခန်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။



