back

တောင်ကိုရီးယား နိုင်ငံထုတ် ကမ္ဘာမြေလေ့လာရေးဂြိုဟ်တုကို ပတ်လမ်းအတွင်းသို့ အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့

May 04 • 7:09 AM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

cover

တောင်ကိုရီးယား နိုင်ငံထုတ် ကမ္ဘာမြေလေ့လာရေးဂြိုဟ်တုကို ပတ်လမ်းအတွင်းသို့ အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့

တောင်ကိုရီးယားနိုင်ငံ၏ ဒုတိယမြောက် မျိုးဆက်သစ် အလတ်စားဂြိုဟ်တုဖြစ်သော CAS500-2 (Compact Advanced Satellite) ကို ၂၀၂၆ ခုနှစ်၊ မေလ ၃ ရက်နေ့ (ကိုရီးယားစံတော်ချိန်)...

တောင်ကိုရီးယားနိုင်ငံ၏ ဒုတိယမြောက် မျိုးဆက်သစ် အလတ်စားဂြိုဟ်တုဖြစ်သော CAS500-2 (Compact Advanced Satellite) ကို ၂၀၂၆ ခုနှစ်၊ မေလ ၃ ရက်နေ့ (ကိုရီးယားစံတော်ချိန်) တွင် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Vandenberg အာကာသစခန်းမှတစ်ဆင့် SpaceX ၏ Falcon 9 ဒုံးပျံဖြင့် အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ကြောင်း Korea AeroSpace Administration (KASA) က ထုတ်ပြန်ခဲ့ပါသည်။အဆိုပါဂြိုဟ်တုသည် ပစ်လွှတ်ပြီး တစ်နာရီအကြာတွင် ဒုံးပျံမှ ခွဲထွက်ကာ သတ်မှတ်ထားသော ကမ္ဘာပတ်လမ်းနိမ့်အတွင်းသို့ ဝင်ရောက်နိုင်ခဲ့ပြီး ၁၅ မိနစ်အကြာတွင် နော်ဝေနိုင်ငံရှိ မြေပြင်အခြေစိုက်စခန်းနှင့် ပထမဆုံးအကြိမ် အောင်မြင်စွာ ဆက်သွယ်နိုင်ခဲ့ပါသည်။ အလေးချိန် ၅၃၄ ကီလိုဂရမ်ရှိသော ဤဂြိုဟ်တုသည် မြေပြင်ရှိအရာဝတ္ထုများကို ၀.၅ မီတာ (အဖြူအမည်း) နှင့် ၂ မီတာ (ဆေးရောင်စုံ) အဆင့်အထိ အသေးစိတ် ရုပ်ပုံရိုက်ကူးနိုင်စွမ်းရှိပါသည်။ဤဂြိုဟ်တုကို မူလက ၂၀၂၂ ခုနှစ်တွင် ရုရှားဒုံးပျံဖြင့် ပစ်လွှတ်ရန် စီစဉ်ခဲ့သော်လည်း ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ၄ နှစ်နီးပါး ကြန့်ကြာခဲ့ရခြင်းဖြစ်ပါသည်။ လာမည့် ၄ လအတွင်း ကနဦးစမ်းသပ်မှုများ ပြုလုပ်ပြီးနောက် ယခုနှစ် ဒုတိယနှစ်ဝက်မှစတင်ကာ မြေယာစီမံခန့်ခွဲမှု၊ စိုက်ပျိုးရေးနှင့် သဘာဝဘေးအန္တရာယ် စောင့်ကြည့်ရေးလုပ်ငန်းများတွင် ယခင်ပစ်လွှတ်ထားသော CAS500-1 နှင့်အတူ ပူးတွဲအသုံးပြုသွားမည်ဖြစ်ကြောင်း သိရပါသည်။

news-view-count-icon

12