back

မွန်ပြည်နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် သောက်သုံးရေ အခက်အခဲရှိနေ

May 04 • 5:03 AM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် သောက်သုံးရေ အခက်အခဲရှိနေ

မွန်ပြည်နယ်အတွင်း ရပ်ကွက်၊ ကျေးရွာတစ်ချို့ သောက်သုံးရေ အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။မော်လမြိုင်မြို့ပေါ် ရပ်ကွက်တစ်ချို့အပါအဝင...

မွန်ပြည်နယ်အတွင်း ရပ်ကွက်၊ ကျေးရွာတစ်ချို့ သောက်သုံးရေ အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။မော်လမြိုင်မြို့ပေါ် ရပ်ကွက်တစ်ချို့အပါအဝင် သထုံ၊ မုဒုံ၊ ပေါင်၊ ချောင်းဆုံမြို့နယ်တို့တွင်လည်း သောက်သုံးရေ အခက်အခဲရှိနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။"မော်လမြိုင်မြို့ထဲမှာတောင် ရေလိုရင် ရေကားတွေ ဖုန်းဆက်မရဘူး။ ရေကားတွေက ရောင်းရတော့ ဖုန်းဆက်တာနဲ့ ချက်ချင်းလာ မပို့အားဘူးဖြစ်နေတာ"ဟု ၎င်းက ပြောသည်။လက်ရှိတွင် သုံးရေကို အဓိကလိုအပ်နေသော်လည်း တစ်ချို့ရပ်ကွက်၊ ကျေးရွာများတွင် သောက်ရေကန်များ ရေမရသောကြောင့် သောက်ရေ၊ သုံးရေ လိုအပ်နေကြောင်း သိရသည်။ယခုတွင် သောက်သုံးရေလိုအပ်နေသော ရပ်ကွက်၊ ကျေးရွာတစ်ချို့သို့ မီးသတ်တပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များမှ ရေကားများဖြင့် သွားရောက်လှူဒါန်းလေ့ရှိကြောင်း သိရသည်။

news-view-count-icon

19