ထိုင်းနိုင်ငံ၊ Surat Thani ပြည်နယ်၊ Koh Phangan ကျွန်းရှိ ကလေးထိန်းကျောင်းတစ်ခုမှာ တရားမဝင်နိုင်ငံခြားသားအလုပ်သမားတွေ ခန့်ထားတယ်ဆိုတဲ့ သတင်းကြောင့် သက်ဆိုင်ရာအာဏာပိုင်တွေက မေလ ၁ ရက်နေ့မှာ ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ ဒီစစ်ဆေးမှုမှာ ထိုင်းနိုင်ငံသားနဲ့ နိုင်ငံခြားသား စုစုပေါင်း ၉ ယောက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါကြောင့် အလုပ်သမားဝန်ကြီး Julapun Amornvivat က နိုင်ငံတစ်ဝန်းမှာရှိတဲ့ လုပ်ငန်းခွင်တွေနဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို အရေးပေါ် စစ်ဆေးဖို့ ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။အလုပ်အကိုင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Somchai Morakotsriwan ကလည်း ဝန်ကြီးရဲ့ ညွှန်ကြားချက်အတိုင်း ဘန်ကောက်နဲ့ နယ်အသီးသီးက ရုံးခွဲတွေကို တင်းတင်းကျပ်ကျပ် စ-စ်ဆေးဖို့ ဆင့်ဆိုထားပါတယ်။ အထူးသဖြင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) မရှိတဲ့သူတွေနဲ့ ခွင့်ပြုထားတဲ့ အလုပ်အမျိုးအစားအပြင် တခြားအလုပ်တွေ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေကို ထိထိရောက်ရောက် အရေးယူသွားမှာဖြစ်ပါတယ်။
ထိုင်း အလုပ်သမား ဝန်ကြီးက တစ်နိုင်ငံလုံးမှာ နိုင်ငံခြားသား အလုပ်သမား ပါမစ်တွေကို အရေးပေါ် စစ်ဆေးဖို့ ညွှန်ကြား
May 04 • 3:18 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


