ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ (၂၀၂၆)ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ ယာဉ်စည်းကမ်းမလိုက်နာသူ ၅,၀၀၀ကျော်ကို အရေးယူထားတယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။အရေးယူခံရသူတွေထဲမှာ သတ်မှတ်ချက်ထက် အရှိန်လွန်မောင်းနှင်သူတွေကို ဖမ်းဆီးအရေးယူမှုက ဇန်နဝါရီလမှာ (၁,၄၃၈)ဦး၊ ဖေဖော်ဝါရီလမှာ(၂,၃၆၆)ဦး၊ မတ်လမှာ(၁,၂၃၀)ဦးနဲ့ ဧပြီလမှာ (၇၇၂)ဦး စုစုပေါင်း (၄,၈၀၆)ဦး ရှိခဲ့တာပါ။ထိုင်ခုံခါးပတ်မပတ်လို့အရေးယူခံရမှုကတော့ ဇန်နဝါရီလမှာ (၈၄)ဦး၊ ဖေဖော်ဝါရီလမှာ(၉၃)ဦး၊ မတ်လမှာ(၉၉)ဦးနဲ့ ဧပြီလမှာ(၅၅)ဦး၊ စုစုပေါင်း (၃၃၁)ဦးကို အရေးယူခဲ့တယ်လို့သိရပါတယ်။အမြန်လမ်းမှာ အိမ်စီးကားတွေအနေနဲ့ ၁နာရီကို ကီလိုမီတာ ၁၀၀ နှုန်း၊ ခရီသည်တင်ကားတွေအနေနဲ့ ၁နာရီကို ကိလိုမီတာ ၉၀ နှုန်းနဲ့ လုပ်ငန်းသုံးယာဉ်တွေအနေနဲ့ ၁နာရီကို ကီလိုမီတာ ၆၀နှုန်း မောင်းနှင်ကြဖို့ သတ်မှတ်ထားတာဖြစ်ပါတယ်။
May 04 • 1:56 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 67 | 0 | 0 | 0 |


