back

မန်ယူနိုက်တက်က လီဗာပူးကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရ

May 04 • 1:54 AM

breaking-news

မြန်မာ

ပြည်ပ

cover

မန်ယူနိုက်တက်က လီဗာပူးကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရ

မနေ့ညပိုင်း ယှဥ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဥ် ၃၅ မှာ မန်ယူနိုက်တက်က ခါးသီးပြိုင်ဘက်ဖြစ်ပြီး လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးကို ၃ ဂိုး ၂ ဂိုးနဲ့ အ...

မနေ့ညပိုင်း ယှဥ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဥ် ၃၅ မှာ မန်ယူနိုက်တက်က ခါးသီးပြိုင်ဘက်ဖြစ်ပြီး လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ကြောင်း သိရပါတယ်။ယူနိုက်တက်ဟာ ပွဲချိန် ၆ မိနစ်မှာ ကုညာရဲ့ဂိုးနဲ့ ဦးဆောင်ခဲ့ပြီး ပွဲချိန် ၁၄ မိနစ်မှာ တိုက်စစ်မှူးဆက်စ်ကိုက ဒုတိယဂိုး သွင်းယူခဲ့လို့ ပထမပိုင်းမှာ ယူနိုက်တက်တို့ ၂ ဂိုးပြတ် ဦးဆောင်ခဲ့ပါတယ်။ဒုတိယပိုင်းပြန်စပြီး ပွဲချိန် ၄၇ မိနစ်မှာ ဆာဗိုဇလိုင်းက လီဗာပူးအတွက် ချေပဂိုး သွင်းယူပေးခဲ့ပြီး ပွဲချိန် ၅၆ မိနစ်မှာ ယူနိုက်တက်ဂိုးသမား ဆန်တီလားမန်းအမှားကတဆင့် ဂတ်ပိုက ဂိုးသွင်းယူခဲ့လို့ တဖက် ၂ ဂိုးစီ သရေကျခဲ့ပါတယ်။ပွဲချိန် ၇၇ မိနစ်မှာတော့ ယူနိုက်တက်ကွင်းလယ်လူ ကိုဘီ မိန်းနူးက ဂိုးဧရိယာထိပ်ကနေ ကန်သွင်းပြီး အနိုင်ဂိုးသွင်းယူပေးခဲ့လို့ ယူနိုက်တက်တို့ လီဗာပူးကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ယူနိုက်တက်ဟာ ပထမအကျော့ အန်ဖီးကွင်းမှာ လီဗာပူးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့သလို ဒီကနေ့ ဒုတိယအကျော့ အိမ်ကွင်းမှာလည်း ထပ်မံအနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

news-view-count-icon

36