back

ထားဝယ်တက္ကသိုလ်အနီး တောမီးလောင်

May 03 • 4:43 PM

breaking-news

မြန်မာ

တနင်္သာရီ

cover

ထားဝယ်တက္ကသိုလ်အနီး တောမီးလောင်

လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာရှိ ရှင်ကိုးရှင်သမိုင်းဝင် ရှင်တောက်ထိန်ဘုရားအနီးမှ စကာ ယနေ့ (မေ ၃) မွန်းလွဲ ၂ နာရီအချိန်ခန့်မှစ၍ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ...

လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာရှိ ရှင်ကိုးရှင်သမိုင်းဝင် ရှင်တောက်ထိန်ဘုရားအနီးမှ စကာ ယနေ့ (မေ ၃) မွန်းလွဲ ၂ နာရီအချိန်ခန့်မှစ၍ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။မီးလောင်ကျွမ်းမှုကြောင့် ဒေသခံများ ဝိုင်းဝန်းငြှိမ်းသတ်နေကြသော်လည်း အရှိန်ပြင်းပြင်းနှင့် ဆက်လက်ကူးစက်လောင်ကျွမ်းခဲ့ရာ ရှင်တောက်ထိန်ဘုရား အနောက်ဘက်ရှိ ထားဝယ်တက္ကသိုလ်ဝင်းအတွင်းသို့ ကူးစက်သွားခဲ့သည်။ယင်းကြောင့် ထားဝယ်မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့ခံပရဟိတအဖွဲ့များနှင့် ဒေသခံများ ပူးပေါင်းကာ မီးငြှိမ်းသတ်ခဲ့ရာ ယနေ့ည ၇ နာရီခွဲအချိန်အထိ ငြှိမ်းသတ်ခဲ့ရကြောင်း မီးလောင်မှုတွင် ပါဝင်ကူညီခဲ့သည့် တနင်္သာရီတိုင်းအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့မှ ပြောသည်။အဆိုပါမီးလောင်မှုမှာ မည်သည့်အကြောင်းရင်းကြောင့် လောင်ကျွမ်းခဲ့ရသည်ကိုမူ စုံစမ်းနေဆဲဖြစ်သည်။



news-view-count-icon

26