ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ အလုပ်ရုံတစ်ခုတွင် လစာမပေးသည့် အလုပ်ရှင်တစ်ဦးကို မြန်မာလုပ်သား ၄ ဦးက သတ်ဖြတ်ခဲ့ကြောင်း သိရသည်။သေဆုံးသူမှာ အသက် ၄၉ နှစ်အရွယ် ထိုင်းနိုင်ငံသား အလုပ်ရှင်ဖြစ်ပြီး၊ ဖြစ်စဉ်မှာ မေ ၁ ရက် နံနက် ၂ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ CCTV မှတ်တမ်းများအရ မြန်မာလုပ်သား ၄ ဦးသည် အလုပ်ရုံအတွင်း ဝင်ရောက်ခဲ့ပြီး အလုပ်ရှင်အား အိပ်ပျော်နေစဉ် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။သံသယရှိသူများဖြစ်သည့် မြန်မာနိုင်ငံသား ၄ ဦးမှာ လစာမပေးခြင်းကြောင့် စိတ်မကျေနပ်မှုများကြောင့် လုပ်ရပ်ကို ကျူးလွန်ခဲ့ကြောင်း ထွက်ဆိုထားသည်။ ၎င်းတို့အနေဖြင့် လုပ်အားခ မရရှိမှုကြောင့် စားဝတ်နေရေး အခက်အခဲများကြုံတွေ့ခဲ့ရသည်ဟုလည်း ပြောကြားထားသည်။အဆိုပါ လုပ်သား ၄ ဦးသည် ဖြစ်စဉ်ပြီးနောက် မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးရန် ကြိုးပမ်းစဉ် မေ ၂ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။



