back

ဒိုက်ဦးမြို့နယ်နှင့် မြိတ်မြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ်သုံးစီး ဖမ်းဆီးရမိ

May 03 • 1:27 PM

breaking-news

မြန်မာ

ပဲခူး

cover

ဒိုက်ဦးမြို့နယ်နှင့် မြိတ်မြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ်သုံးစီး ဖမ်းဆီးရမိ

ဧပြီလ ၃၀ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ဒိုက်ဦးမြို့နယ်၊ ရောင်နီဦးကျေးရွာနေ ဦးကျော်မင်းနိုင်(၄၄)နှစ်သည် လိုင်စင်မဲ့မော်တော်ယာဉ်အား လက်ဝယ်ထားမောင်းနှင်နေကြောင်း သ...

ဧပြီလ ၃၀ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ဒိုက်ဦးမြို့နယ်၊ ရောင်နီဦးကျေးရွာနေ ဦးကျော်မင်းနိုင်(၄၄)နှစ်သည် လိုင်စင်မဲ့မော်တော်ယာဉ်အား လက်ဝယ်ထားမောင်းနှင်နေကြောင်း သတင်းအရ ဒိုက်ဦးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအား နေအိမ်ခြံဝင်း အတွင်း၌ ရပ်တန့်ထားသော YGN-6 6E/xxxx TOYOTA ISIS ယာဉ်နှင့်အတူ တွေ့ရှိရသဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။ယင်းသို့စစ်ဆေးရာ အဆိုပါမော်တော်ယာဉ်နှင့် ပတ်သက်သည့်အထောက်အထား တစ်စုံတစ်ရာပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ကျော်မင်းနိုင်အား ဒိုက်ဦးမြို့မရဲစခန်း (ပ)၄၃/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ရာ ကျော်မင်းနိုင်၏ ထွက်ဆိုချက်အရ ဒိုက်ဦး မြို့နယ် အုတ်ရှစ်ကုန်းကျေးရွာရှိ “ကိုရာဇာ” ကားဘော်ဒီရုံတွင် ၎င်းပိုင်ဆိုင်သော လိုင်စင်မဲ့ယာဉ် YGN-9 3F/xxxx MITSUBISH LANCER ယာဉ်အား ပြင်ဆင်ရန်အပ်နှံထားကြောင်း သိရှိရသဖြင့် သွားရောက် သိမ်းဆည်းခဲ့ပြီး ကျော်မင်းနိုင်အား ဒိုက်ဦးမြို့မရဲစခန်း (ပ)၄၄/၂၀၂၆၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အရေးယူထားကြောင်း သိရသည်။အလားတူ မွန်းလွဲ ၁ နာရီအချိန်တွင် မြိတ်မြို့နယ်၊ သမုတ်ကျေးရွာ၊ သမုတ်-လွတ်လွတ်တံတား စစ်ဆေးရေးဂိတ်၌ သမုတ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက် နေစဉ် သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက်နေ ကျော်ဇောလင်း(၃၂)နှစ် မောင်းနှင်ပြီး အိမ်ရှေ့ပြင် ကျေးရွာနေ မောင်ရဲ(၄၂)နှစ် လိုက်ပါလာသည့် YGN-44 1P/xxxx HONDA FIT Shuttle ယာဉ်အား စစ်ဆေးခဲ့ကြောင်း သိရသည်။ယင်းသို့စစ်ဆေးရာ အဆိုပါယာဉ်နှင့် ပတ်သက်သည့်အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်းနှင့် ယာဉ်ပိုင်ရှင်မှာ မောင်ရဲဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် မောင်ရဲနှင့် ကျော်ဇောလင်းတို့နှစ်ဦးအား သမုတ်နယ်မြေရဲစခန်း (ပ)၅/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈/၁၀ ဖြင့် ဖမ်းဆီးထားကြောင်း သိရသည်။






news-view-count-icon

31