ယနေ့ မေလ ၃ ရက် ညနေ ၃ နာရီအချိန်ခန့်က ရန်ကုန်-မော်လမြိုင်ရထားလမ်း၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်ဘူတာ၏ တောင်ဘက် ကိုက် ၆၀၀ ခန့်ရှိ ဖလပ်ရပ်ကွက် စျေးဟောင်းပိုင်းမှ ဆားဖိုစု ရပ်ကွက်သို့ ဖြတ်သန်းသည့် လမ်းဆုံနေရာတွင် ကျောက်ရထား ရှေ့ မိုင်းခံတွဲ ဘီးချော်သွားခဲ့ပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။ ထို့ကြောင့် မီးရထားဌာနမှ တာဝန်ရှိသူများက ရထားတွဲအား ပြန်လည်ဆွဲတင်ရန် ဆောင်ရွက်နေပြီး ဖြတ်သန်းသွားလာမည့်ယာဥ်များ အားလုံး လမ်းပိတ်ဆို့နေကြောင်း သိရသည်။



