back

လားရှိုးတွင် ဆိုင်အတွင်းဝင်၍ ပြန်ပေးဆွဲသော်လည်း ဆိုင်ရှင် လက်မတင် လွတ်မြောက်

May 03 • 10:31 AM

breaking-news

မြန်မာ

ရှမ်း

cover

လားရှိုးတွင် ဆိုင်အတွင်းဝင်၍ ပြန်ပေးဆွဲသော်လည်း ဆိုင်ရှင် လက်မတင် လွတ်မြောက်

ယမန်နေ့ မေ ၂ ရက်၊ နံနက် ၉ နာရီခန့်က လားရှိုးမြို့၊ ရပ်ကွက် ၁ တွင် ဆိုင်ရှင်ကို ဓားပြတိုက် ပြန်ပေးဆွဲရန်ကြိုးပမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ဆိုင်အတွင်း CCTV မှ...

ယမန်နေ့ မေ ၂ ရက်၊ နံနက် ၉ နာရီခန့်က လားရှိုးမြို့၊ ရပ်ကွက် ၁ တွင် ဆိုင်ရှင်ကို ဓားပြတိုက် ပြန်ပေးဆွဲရန်ကြိုးပမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ဆိုင်အတွင်း CCTV မှ ရရှိသည့် ရုပ်သံဖိုင်တွင် ဆိုင်ရှေ့ရှိ ကားအဖြူရောင်တစ်စီးပေါ်မှ အနက်ရောင်ဝတ်စုံဖြင့် ရုပ်ဖျက်ထားသူတစ်ဦး ဆိုင်အတွင်းဝင်ရောက်သွားပြီးနောက် ထပ်မံ၍ သေနတ်ကိုင်ထား သည်ဟု ယူဆရသည့် လူ ၃ ဦး ထပ်မံ လိုက်ဝင်သွားကြောင်းတွေ့ရသည်။ပထမဆုံးလူ ဝင်သွားစဥ် ဆိုင်အတွင်း တံမြက်စည်းလှဲနေသည့် အမျိုးသမီးတစ်ဦး ဆိုင်အတွင်းမှ ထွက်ပြေး ပျောက်ကွယ်သွားသည်ကိုလည်း တွေ့ရသည်။ယခုကျူးလွန်သူများမှာ သေနတ်ကိုင်လူ ၄ ဦးဖြစ်ပြီး ပိုင်ရှင်မရသဖြင့် CROWN အဖြူရောင်ဖြင့် ချက်ချင်း မောင်းပြေးခဲ့ကြောင်း မြို့ခံတစ်ဦးကလည်း အတည်ပြုပြောဆိုသည်။




news-view-count-icon

40