back

ကယားပြည်နယ်၊လွိုင်ကော်ဒေသတွင် အာလူးစိုက်ပျိုးမှုမှ ဝင်ငွေမြင့်တက်

May 03 • 7:27 AM

breaking-news

မြန်မာ

ကယား

cover

ကယားပြည်နယ်၊လွိုင်ကော်ဒေသတွင် အာလူးစိုက်ပျိုးမှုမှ ဝင်ငွေမြင့်တက်

ကယားပြည်နယ်၊ လွိုင်ကော်မြို့သည် သဘာဝတောတောင်ရေမြေအလှတို့နှင့် လှပသည့် မြို့တစ်မြို့ဖြစ်ပြီး လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်များတွင် နေထိုင်သော ကျေးလက...

ကယားပြည်နယ်၊ လွိုင်ကော်မြို့သည် သဘာဝတောတောင်ရေမြေအလှတို့နှင့် လှပသည့် မြို့တစ်မြို့ဖြစ်ပြီး လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်များတွင် နေထိုင်သော ကျေးလက်တောင်သူများသည် မိသားစုအပိုဝင်ငွေရရှိရေးအတွက် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် အာလူးကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ သက်ဆိုင်ရာဌာန၏ စာရင်းများအရ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ကယားပြည်နယ်တွင် အာလူးကို မိုးရာသီနှင့် ဆောင်းရာသီဟူ၍ နှစ်ရာသီခွဲ စိုက်ပျိုးထားပြီး မိုးအာလူး ၃ ဧကနှင့် ဆောင်းအာလူး ၁၅၉ ဧက စိုက်ပျိုးထားကြောင်း သိရသည်။ ယခုအခါ မိုးအာလူး ၃ ဧကလုံးကို ရိတ်သိမ်းပြီးဖြစ်ကာ ထွက်ရှိသည့် အာလူးများကို ပြည်နယ်အတွင်း ဈေးကွက်တွင် တစ်ပိဿာလျှင် ကျပ် ၄,၀၀၀ မှ ၅,၀၀၀ အထိဖြင့် ရောင်းချလျက်ရှိသည်။

news-view-count-icon

22