အင်တာမိုင်ယာမီအသင်းဟာ ကွင်းသစ် Nu Stadium မှာ ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရပါတယ်။အင်တာမိုင်ယာမီအသင်းဟာ ၃၃ မိနစ်အတွင်းမှာ ၃-၀ ဂိုးနဲ့ ဂိုးပြတ်ဦးဆောင်ပြီးမှ လေးဂိုး ပြန်ပေးခဲ့ရတာပါ။အသင်းခေါင်းဆောင် မက်ဆီက တစ်ဂိုးသွင်းယူခဲ့သလို၊ ဒုတိယဂိုးကိုလည်း ဖန်တီးပေးခဲ့ပါတယ်။အော်လန်ဒိုစီးတီးဘက်က အိုဂျေဒါကတော့ ဟက်ထရစ်သွင်းယူခဲ့ပါတယ်။အင်တာမိုင်ယာမီအနေနဲ့ ကွင်းသစ်မှာ လေးပွဲကစားရာ လေးပွဲစလုံး အနိုင်မရခဲ့ပါဘူး။အစောပိုင်းသုံးဂိုးကတော့ သရေရလဒ်တွေနဲ့သာ ပြီးဆုံးခဲ့ရတာဖြစ်တယ်။မေဂျာလိဂ် လက်ရှိချန်ပီယံအသင်းဟာ ဘူးစကွက်စ်၊ အယ်လ်ဘာတို့ ထွက်သွားပြီးနောက် အခုရာသီမှာ ရုန်းကန်နေရပါတယ်။
| 36 | 0 | 0 | 0 |


