back

ရှမ်းပြည်နယ်၊တာချီလိတ် 171 အိမ်ရာနှင့် ဟုန်ချိန်ကုန်တိုက်အနောက်ရှိ တိုက်ခန်းများ၌ တရုတ်နိုင်ငံသား ရာနှင့်ချီ၍ ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေ

May 03 • 3:09 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊တာချီလိတ် 171 အိမ်ရာနှင့် ဟုန်ချိန်ကုန်တိုက်အနောက်ရှိ တိုက်ခန်းများ၌ တရုတ်နိုင်ငံသား ရာနှင့်ချီ၍ ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေ

ရှမ်းပြည်နယ်၊တာချီလိတ်မြို့ရှိ 171 အိမ်ရာနှင့် ဟုန်ချိန်ကုန်တိုက်အနောက်ရှိ တိုက်ခန်းများ၌ တရုတ်နိုင်ငံသား ရာနှင့်ချီ၍ အွန်လိုင်းလိမ်လည်မှု ကျားဖြန့် လုပ်ငန်းမျ...

ရှမ်းပြည်နယ်၊တာချီလိတ်မြို့ရှိ 171 အိမ်ရာနှင့် ဟုန်ချိန်ကုန်တိုက်အနောက်ရှိ တိုက်ခန်းများ၌ တရုတ်နိုင်ငံသား ရာနှင့်ချီ၍ အွန်လိုင်းလိမ်လည်မှု ကျားဖြန့် လုပ်ငန်းများကို ဗြောင်ကျကျ လုပ်ကိုင်နေကြပြီး အိမ်ခြံမြေစီမံခန့်ခွဲသူများကလည်း ငွေကြေးအမြောက်အမြားရယူကာ တိတ်တဆိတ် ခွင့်ပြုပေးထားကြောင်း စုံစမ်းသိရှိရသည်။တာချီလိတ်မြို့ရှိ 171 အိမ်ရာ လုံးချင်းအဆောက်အအုံတွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ တရုတ်နိုင်ငံသား ၃၀၀ ခန့်ရှိနေပြီး ၎င်းတို့သည် လက်တော့ပ်ကွန်ပျူတာများကို အသုံးပြုကာ လိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများကို အိမ်ခြံမြေစီမံခန့်ခွဲမှုကုမ္ပဏီက သိရှိသော်လည်း မြင့်မားသော အိမ်ငှားရမ်းခများကို ကောက်ခံကာ ကျားဖြန့်လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တိတ်တဆိတ် ခွင့်ပြုထားကြောင်း ဒေသခံများက ဆိုသည်။အလားတူ တာချီလိတ်မြို့၊ ဟုန်လုံညဈေးအတွင်းရှိ ဟုန်ချိန်ကုန်တိုက် အနောက်ဘက်ရှိ တိုက်ခန်းများတွင်လည်း လိမ်လည်မှုတွင် ပါဝင်ပတ်သက်နေသည့် တရုတ်နိုင်ငံသား အနည်းဆုံး ၂၀၀ ခန့် ရှိနေကြောင်း သိရသည်။

news-view-count-icon

33