back

ရှမ်းပြည်နယ်၊ရွာငံတွင် လေသေနတ်ဖြင့် တောလိုက်မိလို့ တရားရုံးက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့

May 03 • 2:43 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ရွာငံတွင် လေသေနတ်ဖြင့် တောလိုက်မိလို့ တရားရုံးက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့

ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ ရွာငံမြို့နယ်တောင်းတစ်နေရာတွင် လေသေနတ်နှင့် တောလိုက်နေသူတစ်ဦးကို တောတွင်းတစ်နေရာတွင် ဖမ်းဆီးရမိပြီး တရားစွဲတင်သဖြင့် ပင်းတယခရိုင်တ...

ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ ရွာငံမြို့နယ်တောင်းတစ်နေရာတွင် လေသေနတ်နှင့် တောလိုက်နေသူတစ်ဦးကို တောတွင်းတစ်နေရာတွင် ဖမ်းဆီးရမိပြီး တရားစွဲတင်သဖြင့် ပင်းတယခရိုင်တရားရုံး ထောင်ဒဏ်တစ်သက် တစ်ကျွန်း ချမှတ်ခံရကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။ရွာငံမြို့၊ စျေးအနောက်ဘက်၊ မြို့ကုန်းရပ်ကွက်နေ အသက် ၄၇ နှစ်ရှိ ကိုဆန်းထူးဆိုသူမှာ တောလိုက်အလုပ်ဖြင့် သက်မွေးဝမ်းကျောင်းပြုသူတစ်ဦး ဖြစ်ပြီး လွန်ခဲ့သည့် လအနည်းက ရွာငံနယ်အတွင်း လေသနတ်နှင့် တောလိုက်သွားရာမှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး တရားရုံးစွဲတင်ခဲ့ရာတွင် ပြီးခဲ့သည့် သင်္ကြန်ပြီးကာလက ပင်းတယခရိုင်တရားရုံးက တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်သဖြင့် ညောင်ရွှေအကျဥ်းထောင်သို့ ရောက်ရှိသွားကြောင်း သိရသည်။၎င်းတွင် ဇနီးနှင့် ကလေး ၃ ဦး ကျန်ရစ်ပြီး ဒုက္ခရောက်နေသည်ဟု ဆိုသည်။

news-view-count-icon

58