စစ်ကိုင်းတိုင်း ၊ ကသာမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် နောက်ဆုံး အတန်းတင် ကျောင်းတွင်းစစ်စာမေးပွဲ မဖြေလိုက်ရတဲ့ ကျောင်းသား ကျောင်းသူတွေကို ယမန်နေ့ မေ ၂ ရက်ကစပြီး စာမေးပွဲ ပြန်လည်ဖြေဆိုခွင့် ပြုနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ စာမေးပွဲ ဖြေဆိုလိုတဲ့ ကျောင်းသူကျောင်းသားတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကျောင်းအပ်လက်ခံခဲ့ပြီးနောက် ဒီကနေ့မှာ အ.ထ.က ၁ ကျောင်းမှာ စာမေးပွဲ စတင်ဖြေဆိုနေကြတာ ဖြစ်ကြောင်း ကျောင်းသားကျောင်းသူ ၁,၀၀၀ ကျော်လောက်ရှိနိုင်တယ်လို့ သိရပါတယ် ။ လက်ရှိ ကသာမြို့မှာ အခြေအနေတည်ငြိမ်သွားပြီး ပစ်ခတ်မှုမရှိတော့ဘဲ ပြည်သူတွေလည်း နေရပ်ပြန်လည် ဝင်ရောက်မှုများလာတာကြောင့် ကျောင်းတွင်းစစ် စာမေးပွဲ မဖြေလိုက်ရတဲ့ ကျောင်းသူကျောင်းသားတွေကို စာမေးပွဲ ဖြေဆိုခွင့် ပြုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အစိုးရစစ် စာမေးပွဲတွေဖြစ်တဲ့ ပဥ္စမတန်း၊ နဝမတန်းတဲ့ တက္ကသိုလ်ဝင်တန်းတွေ အတွက် စီစဥ်ပေးတာ တစုံတရာတော့ မရှိသေးဘူးလို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ကသာမြို့၌ ကျောင်းတွင်းစစ် စာမေးပွဲဖြေဆိုခွင့်မရခဲ့တဲ့ ကျောင်းသူကျောင်းသားတွေကို စာမေးပွဲ ပြန်ဖြေဆိုခွင့်ပြုပေးနေ
May 03 • 1:23 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 30 | 0 | 0 | 0 |


