မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ချောင်းပေါက်ကျေးရွာရှိ မဟာဝါဠုကာရာမ ကျောင်းတိုက်၌ သီတင်းသုံးနေသည့် သက်တော် (၄၈) နှစ်၊ ဝါတော် (၂၈) ဝါရှိ ကျောင်းထိုင်ဆရာတော် ဉူးစန္ဒာဝရသည် မေလ ၂ ရက်နေ့၊ နံနက်ပိုင်းတွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူသွားခဲ့သည်။ လက်နက်ကိုင်အမျိုးသားများသည် ကျောင်းတိုက်သို့ ဆိုင်ကယ်များဖြင့် ရောက်ရှိလာကာ ဆရာတော်အား ကျောင်းဝန်းအပြင်ဘက်သို့ ခေါ်ဆောင်သွားပြီးနောက် သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဒေသတွင် တိုက်ပွဲကြီးကြီးမားမား မရှိသော်လည်း ကျေးရွာအချို့၌ နေအိမ်များ မီးလောင်ပျက်စီးမှုများ ရှိနေပြီး အစိုးရတပ်၏ နယ်မြေရှင်းလင်းရေး စစ်ကြောင်းများကြောင့် ကျေးရွာ (၈) ရွာခန့်မှ ဒေသခံများ စစ်ဘေးရှောင်နေကြရကြောင်း သိရှိရပါသည်။
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် ကျောင်းထိုင်ဆရာတော်တစ်ပါး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ
May 02 • 8:03 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 28 | 0 | 0 | 0 |


