back

ပြည်တွင်း စက်သုံးဆီ ရက် ၆၀ စာ လုံလောက်မှုရှိ ဟု အသိပေးထုတ်ပြန်

May 01 • 3:17 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း စက်သုံးဆီ ရက် ၆၀ စာ လုံလောက်မှုရှိ ဟု အသိပေးထုတ်ပြန်

နိုင်ငံတော်အတွင်း စက်သုံးဆီဖူလုံမှုအနေဖြင့် ၆၀ ရက်စာလုံလောက်မှုရှိကြောင်း ယနေ့ မေလ ၁ ရက်နေ့တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။ ထိုကြောင...

နိုင်ငံတော်အတွင်း စက်သုံးဆီဖူလုံမှုအနေဖြင့် ၆၀ ရက်စာလုံလောက်မှုရှိကြောင်း ယနေ့ မေလ ၁ ရက်နေ့တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။ ထိုကြောင့် စက်သုံးဆီ ဝယ်ယူသုံးစွဲသူများအနေဖြင့် လိုအပ်သည်ထက် ပိုမိုဝယ်ယူသိုလှောင်ခြင်းမပြုဘဲ လိုအပ်သည့်အချိန်တွင် လိုအပ်သည့် ပမာဏကိုသာ ဝယ်ယူသုံးစွဲခြင်းဖြင့် ကဏ္ဍအလိုက်အသုံးပြုမှုကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မည်ဖြစ်ကြောင်း အသိပေးထားသည်။လက်ရှိတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကြောင့် စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီဖြန့်ဖြူးမှုမှာ တည်ငြိမ်၍ ပုံမှန်အခြေအနေတွင်ရှိနေသည်ဟု ဆိုသည်။လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စက်သုံးဆီများကို ပြည်သူများအားလုံး ညီတူညီမျှ လုံလောက်စွာ သုံးစွဲနိုင်စေရေး အစဉ်တစိုက် စီမံဆောင်ရွက်နေမှုအပေါ် ယခုကဲ့သို့ ပြည်သူများ၏ အလေးအနက်ထားပူးပေါင်းပါဝင်ဆောင်ရွက်မှုကို ကျေးဇူးတင်ရှိကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။



news-view-count-icon

33