ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ဝမ်မိုင်ကျေးရွာအနီး သံလွင်မြစ်ကူး ကူးတို့ဆိပ်မှာ မေလ ၁ ရက်၊ မနက်ပိုင်းက တရားမဝင် ဝင်ရောက်နေထိုင်နေတဲ့ တရုတ်နိုင်ငံသား အမျိုးသား ၄၃ ယောက်ကို ဖော်ထုတ် ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။အဲဒီ ဖမ်းဆီးရမိသူတွေရဲ့ ကနဦး ထွက်ဆိုချက်အရ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်အတွင်း တရား မဝင် အွန်လိုင်းလောင်းကစားလုပ်ကိုင်နေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လိုက်လံရှာဖွေ ဖော်ထုတ် ဖမ်းဆီးတာ ကြောင့် တရုတ်နိုင်ငံကို ပြန်ဖို့အတွက် တောလမ်းအတိုင်း ထွက်ပြေးလာရာ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။မြန်မာနိုင်ငံ အစိုးရအနေနဲ့ အွန်လိုင်းလိမ်လည်မှုတွေ နဲ့ အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေ ကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေတဲ့အပြင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းကို ရောက်ရှိနေ ပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုမှာ တစ်နည်းနည်းနဲ့ ပါဝင်ပတ်သက်နေတဲ့ ပြည်ပနိုင်ငံသားတွေကိုလည်း တရားဥပဒေနဲ့အညီ စစ်ဆေးကာ လူသားချင်း စာနာထောက်ထားမှု နဲ့ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေး ရှုပြီး သက်ဆိုင်ရာ နိုင်ငံတွေကို ပြန်လည်လွှဲပြောင်းပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဒါ့အပြင် အဓိက ပြစ်မှုကျူးလွန်ခဲ့သူတွေကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့ထံ တရားဝင် လွှဲ ပြောင်းပေးတာ နဲ့ တရားဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူတာတွေ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါ တယ်။



