စက်သုံးဆီခြိုးခြံချွေတာရေးအတွက်စက်သုံးဆီစနစ်တကျသုံးစွဲနိုင်ဖို့၊ချွေတာသုံးစွဲနိုင်ဖို့နဲ့ဖူလုံမှုရှိစေဖို့အတွက် ဒီဂျယ်တယ်နည်းပညာအခြေပြုပြီး စီမံကြပ်မတ်ကွပ်ကဲဆောင်ရွက်နေတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာ့စက်သုံးဆီဈေးနှုန်းတွေမြင့်တက်ခဲ့ပေမဲ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေအများကြီးမြင့်တက်တာ တွေမရှိစေဖို့အတွက် နိုင်ငံတော်အစိုးရမှ ကြပ်မတ်ဆောင်ရွက်နေတယ်လို့သိရပါတယ်။အဲဒါတွေအပြင် နိုင်ငံတော်အတွင်းစက်သုံးဆီဖူလုံမှုအနေနဲ့ ရက်(၆၀)စာလုံလောက်မှုရှိတဲ့အတွက် ပြည်သူတွေအနေနဲ့လိုအပ်တာတွေထက်ပိုပြီးဝယ်ယူသိုလှောင်တာတွေမလုပ်ကြဘဲ လိုအပ်တဲ့အချိန်တွေမှာ လိုအပ်တဲ့ပမာဏကိုသာဝယ်ယူတာက ကဏ္ဍအလိုက်အသုံးပြုမှုကိုထိရောက်စွာစီမံခန့်ခွဲနိုင်မှာဖြစ်တယ် လို့ဆိုပါတယ်။
May 01 • 2:45 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 27 | 0 | 0 | 0 |


