back

မြစ်ကြီးနားတွင် ဆိုင်ကယ်လုယက်မှုဖြစ်၊ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

Apr 30 • 1:50 PM

breaking-news

မြန်မာ

ကချင်

cover

မြစ်ကြီးနားတွင် ဆိုင်ကယ်လုယက်မှုဖြစ်၊ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

မြစ်ကြီးနားမြို့၊ တပ်ကုန်းနယ်မြေ စံပြရပ်ကွက်တွင် ယမန်နေ့ည ၉ နာရီခန့်က ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာရရှိထားကြောင်း သ...

မြစ်ကြီးနားမြို့၊ တပ်ကုန်းနယ်မြေ စံပြရပ်ကွက်တွင် ယမန်နေ့ည ၉ နာရီခန့်က ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာရရှိထားကြောင်း သိရသည်။ စံပြလမ်းမကြီးပေါ်ရှိ နယူးလူကြီးမင်းကားဝပ်ရှော့ဆိုင်ရှေ့တွင် ရိုက်နှက်လုယက်ခံခဲ့ရခြင်းဖြစ်သည်ဟု လူမှုကယ်ဆယ်ရေးမြစ်ကြီးနားအဖွဲ့ကပြောသည်။ လက်ရှိအချိန်ထိ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရဆဲဖြစ်ပြီး မိသားစုနှင့်အဆက်အသွယ် ရရှိထားပြီဖြစ်ကြောင်း သိရသည်။လူသွားလူလာနည်းသော ရပ်ကွက်၊ လမ်းများတွင် လက်နက်ကိုင်လုယက်မှု ပိုမိုအဖြစ်များလာသောကြောင့် ပြည်သူများ လုံခြုံစွာသွားလာနိုင်ရေး သက်ဆိုက်ရာက တာဝန်ယူဆောင်ရွက်ပေးစေလိုကြောင်း သူကဆက်ပြောသည်။



news-view-count-icon

23