back

ပြည်ပသို့ ပုစွန်တင်ပို့မှုမှ ကန်ဒေါ်လာ ၃၃ သန်းကျော် ရရှိခဲ့

Apr 30 • 6:48 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်ပသို့ ပုစွန်တင်ပို့မှုမှ ကန်ဒေါ်လာ ၃၃ သန်းကျော် ရရှိခဲ့

ပြည်တွင်းမှထွက်ရှိတဲ့ ရေထွက်ကုန်ပစ္စည်းများအနက် ပြည်ပသို့ ပုစွန်တင်ပို့မှုမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တစ်နှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၃၃ သန်းကျော် ရရှိခဲ့ကြောင်း င...

ပြည်တွင်းမှထွက်ရှိတဲ့ ရေထွက်ကုန်ပစ္စည်းများအနက် ပြည်ပသို့ ပုစွန်တင်ပို့မှုမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တစ်နှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၃၃ သန်းကျော် ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရ သိရပါတယ်။ပုစွန်တစ်မျိုးတည်း တင်ပို့မှုအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီ ၁ ရက်မှ ၂၀၂၆ ခုနှစ်၊ မတ် ၃၁ ရက်အထိ ပြည်ပသို့ ပုစွန်တန်ချိန် စုစုပေါင်း ၁၀,၅၈၁ ဒသမ ၅၂၄ တန် တင်ပို့နိုင်ခဲ့တဲ့အတွက် အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၁၃၆ သန်း ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။တင်ပို့ရာတွင် ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းမှ ပုစွန်တန်ချိန် ၉,၅၉၃ ဒသမ ၅၉၄ တန်နှင့် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှ ပုစွန်တန်ချိန် ၉၈၇ ဒသမ ၉၃ တန် တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

news-view-count-icon

43