back

မြန်မာ့အွန်လိုင်းဈေးကွက်၏ အမှတ်အသားတစ်ခုဖြစ်ခဲ့သော Shop App MM  နိဂုံးချုပ်တော့မည်

Apr 29 • 7:35 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာ့အွန်လိုင်းဈေးကွက်၏ အမှတ်အသားတစ်ခုဖြစ်ခဲ့သော Shop App MM  နိဂုံးချုပ်တော့မည်

မြန်မာနိုင်ငံ၏ အွန်လိုင်းဈေးဝယ်ကဏ္ဍတွင် ထင်ရှားသည့် Shop App MM သည် ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုများကို မကြာမီ အပြီးတိုင်ရပ်နားတော့မည်ဖြစ်ကြောင်း ဧပြီလ ၂၇ ရက်တွင...

မြန်မာနိုင်ငံ၏ အွန်လိုင်းဈေးဝယ်ကဏ္ဍတွင် ထင်ရှားသည့် Shop App MM သည် ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုများကို မကြာမီ အပြီးတိုင်ရပ်နားတော့မည်ဖြစ်ကြောင်း ဧပြီလ ၂၇ ရက်တွင် တရားဝင်ထုတ်ပြန်ခဲ့သည်။ နောက်ဆုံးအမှာစာများကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက် ည ၁၁ နာရီ ၅၉ မိနစ်အထိသာ လက်ခံတော့မည်ဖြစ်ပြီး လက်ရှိလက်ခံထားပြီးသော အမှာစာများ ပို့ဆောင်ခြင်း၊ ပစ္စည်းပြန်ပေးခြင်းနှင့် ငွေပေးချေမှုဆိုင်ရာကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ မိခင်ကုမ္ပဏီ Daraz Group ၏ ဒေသတွင်းလုပ်ငန်း ပြန်လည်ဖွဲ့စည်းမှုနှင့် စရိတ်လျှော့ချရေး မူဝါဒများအကြား ၁၂ နှစ်ကြာ ရပ်တည်ခဲ့သည့် မြန်မာ့ထိပ်တန်း E-commerce ပလလက်ဖောင်းတစ်ခု ယခုကဲ့သို့ နိဂုံးချုပ်သွားခြင်းဖြစ်ပါသည်။

news-view-count-icon

25